• ဖင်လန်နိုင်ငံသို့ ရွှေပြောင်းနေထိုင်သူ အမျိုးသမီးများအနေနဲ့ မိမိရဲ့ ကိုယ်ပိုင်အခွင့်အရေး များကိုသိရှိပါသလား?
• မိမိ၏ အိမ် သို့မဟုတ် အခြားမည်သည့် နေရာတွင်မဆို ထိုးကြိတ် ရိုက်နှိက်ခြင်း ခံရဘူးပါသလား?
• မိမိ၏ ခင်ပွန်း၊ ဆွေမျိုး၊ညီအကိုမောင်နှမများ၏ ကိုယ်ထိလက်ရောက် ရန်ပြုမှုကိုကြောက်ရံွ့နေရ ပါသလား?
• ရုံး၊ကျောင်း၊ဆေးခန်း၊တရားရေးဌာနနှင့် ရဲစခန်းများကိုသွားရောက်ရန် ခွင့်ပြုချက်ရယူပါသလား?
• ဒီ ဖြစ်စဉ်တွေ ကို မိမိ၏ ဘ၀မှာတွေကြုံ့ ခံစားဖူးကြ ပါသလား?
ဒါတွေဟာအကြမ်းဖက်ခြင်းများပါ။အကြမ်းဖက်ခြင်းဟာရာဇ၀တ်မှု မြောက်သောဥပဒေချိုးဖေါက်မှု တွေဖြစ်တယ်လို့ ဖင်လန်နိုင်ငံအစိုးရမှ ပြဌာန်းပေးထားသော လူသားတိုင်း၏ အခြေခံ အခွင့်အရေး ဥပဒေ မှာ ဖေါ်ပြထားပါတယ်။
အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်းအမှုကိုပုံစံအမျိုးမျိုးဖြင့်ကျူးလွန်နိုင်ပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာအပြင်၊ရုပ်ပိုင်းဆိုင်ရာဖြင့် ပါကိုယ်ထိလက် ရောက် နှိပ်စက်နိုင်ပါသေးတယ်။ ရုပ်ပိုင်းဆိုင်ရာ ဟုဆိုခြင်းမှာ မိမိအား နာကျင်စေရန်ရန်ရွှယ်၍ တစုံတခုသော အရာဝတ္တု ဖြင့်ပစ်ပေါက်ခံရခြင်း၊ ကန်ကြောက်ခံရခြင်း၊ ဆွဲဆိတ်ခံရခြင်းတို့ကိုဆိုလိုပြီး၊ စိတ်ပိုင်းဆိုင်ရာများ အနေဖြင့်ဆဲရေးတိုင်းတားခြင်း၊စွပ်စွဲခံရခြင်း၊မိမိလုပ်သမျှကိုစောင့်ကြည့်ခံရခြင်း၊ အရှက်ခွဲခံရခြင်းများကိုသာဆိုလိုသည်မဟုတ်ဘဲ၊မိမိအား အိပ်ရေး ပျက်စေရန်၊ မိမိ၏ ကလေးအား စောင့်ရှောက်မှုအားဟန့်တားခြင်း
ဒါမှမဟုတ် ဖုန်းပြောဆိုနေချိန်တွင် အနှေင့်အယှက်ဖြစ်စေရန်အတွက် လုပ်ဆောင်ခြင်းမှာလည်း စိတ်ပိုင်းဆိုင်ရာ ညှင်းဆဲမှု အဖြစ် ဥပဒေက သတ်မှတ်ပေးထားပါတယ်။
ငွေကြေးအရအကြမ်းဖက်ခြင်းဆိုသည်မှာမိမိငွေကြေးအားခေါင်းပုံဖြတ်ခံရခြင်း၊ထိန်းချုပ်ခံရခြင်း၊
လိမ်လည်ခံရခြင်း၊အစွပ်စွဲခံရ၍အရှက်ခွဲခံရခြင်း၊မိမိ၏ငွေ ကြေးအား မသုံးစွဲရန် တားဆီးခံရခြင်း၊ စီစစ်ခံရခြင်းများကိုဆိုလိုပြီး၊
ကာမဆိုင်ရာအကြမ်းဖက်ခြင်းမည်သည်မှာမိမိအားအလိုမတူဘဲ အတင်းအဓမ္မ လိင်တူဖြစ်စေ၊လိင်မတူဖြစ်စေကာမဆက်ဆံခံရခြင်း၊ကာမဆက်ဆံရန်ကြိုးစားခံရခြင်း၊
ကာမဆက်ဆံချင်စိတ်ဖြစ်ပေါ်အောင် ကြိုးစားခံရခြင်း၊ တပါးသူအား အလိုမတူဘဲကာမဆက်ဆံချင်စိတ်ဖြစ်အောင် ပြုမှုပေးရပါက လိင်ပိုင်းဆိုင်ရာ စော်ကားမှုအဖြစ် သတ်မှတ်နိုင်ပါသည်။
မိမိ၏ဘ၀တွင်ကြောင်ရွံ့ထိတ်လန့်ခြင်းကင်းသောလူသားတဦးအဖြစ် နေထိုင်ခွင့်ရှိပါသည်။
ဤကဲ့သို့သော ကိစ္စရပ်အတွက် သင့်အား ကူညီမှုပေးရန်အတွက် မိမိ၏ အမည်အား တခြားသူများ မသိစေဘဲ ဆက်သွယ်နိုင်ပါသည်။
ဆက်သွယ်ရန်
(09) 6922304 (Helsinki) 24h
(09) 83935013 (Vantaa)
045-1329622 (Oulu Mon – Thu 11 – 15 )
045-1147595 (Kemi mon-fr 8.30-13.30)
Monika – Naiset liitto ry
Monika – Naiset liitto ry သည် နိုင်ငံတကာယဉ်ကျေးမှုစုံ အမျိုးသမီး များအဖွဲ့အဖြစ် ၁၉၉၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။ ရည်ရွှယ် ချက်မှာ အကြမ်းဖက်ခံရသော အမျိုးသမီးများ၊ ခလေးများ၏ ဘက်မှရပ်တည် ကာကွယ်ပေးရန်ဖြစ်ပါသည်။ ဖင်လန်နိုင်ငံသို့ ပြောင်းရွှေ အခြေချနေထိုင်သူ အမျိုးများအားအကြမ်းဖက်ခံရခြင်းကာကွယ်ရန်အတွက်ဆောင်ရွှက်ပေးသကဲ့သို့၊ အကြမ်းဖက်ခံရခြင်းကာကွယ်ရန်အတွက် လိုအပ်သောသတင်းအချက် အလက်များကိုအမြန်ဆုံးရရှိနိုင်စေရန်အတွက် ဖြန့်ဖြူးပေးလျှက်ရှိပါသည်။ 0 comments